Ten Things I Hate About Myself

Friday, December 5, 2008
ဘရားရေ အနိတ်စ

ငါတော့ အတဂ်(tag) ခံ ရပါပကောလား

ဒေ၀ဒတ်သည် သေမယ့်ရက်ကို မရှောင် နိုင်သလိုပါတည်း..

လူပေါင်းမွှားပီ...ဘလော့ဂါ မလုပ် ချင်ပါဘူးချို....

ဒါကြောင့်မို့ သူများ လုပ်စာတွေနဲ့ကြီးပွားနေတာပေါ့..

ညီမအကေးရှား နဲ့ ပေါင်းမိတဲ့ အတွက် ခောတ်မီ တွားပီ တိန်....

ကိုယ့်ကိုယ် ကို အမုန်းဆုံး ဆယ်ချက်ဆိုပဲ...ကိုယ့်ကိုယ် ကို ဘယ်လိုလုပ် မုန်းနို့ရမှာရဲ..

ဒွတ်ခ ..

မုန်းရင် တေဂျောင်းတွေ ကြံ မိမှာပေါ့ လို့...

အင်း.... ရေးရင်လဲ ဒီလဘော့ဂါတွေ လတု ခေါင်း သန်းရှာတယ်လို့အပြောခံရတော့မှာပဲ

မရေးရင်လဲ အာဗြဲကြီးနဲ့ လာအော်ခံရတော့မှာပဲ

သယ်..........

ရေးစရာချိတာ ရေးရမှာပဲ..

ပြီးတော့မှ..

ကိုယ်ဟာကို ကော်မန့် ပွတ်ပစ်မယ် ငှဲငှဲ ...ငါကွ..

ပျော်ချင်လို့ ဒါမျိုးဖွင့်ထားတာဆိုတော့ ပျော်ရနဲလား..

ငှင်းငှင်း....
ဝေး.... stupidee တို့ ခောတ်မီ ပြီဟေ့...

နံပါတ်မှာတစ် .... စိတ်စပ်သလိုလိုမစပ်သလိုလို ဖစ်ခြင်း...
စိတ်က စပ်တာပေါ့ ငြုပ်သီး တတ်နင်းမိရင်.. အဲတာတင်မကဘူး စိတ်လဲချိုတယ် ခါးတယ် ချဉ်တယ် ဖန်တယ် ငန်တယ်
ချိုအေးမွှေး ရေခဲချောင်းဗျို့ (ဟိဟိ.. အကေးရှားဆီက ပဲ.. နဲနဲ သံတူကြောင်းကွဲ လိုက်တယ်..ငါကွ)

နံပါတ်မှာနှစ် .... အား နာသလိုလို မနာသလိုလို ဖြစ်ခြင်း
အဲလိုပဲ တခါတခါ ကျရင် အားနာတယ် (ဥပမာ.. တိုက်ပေါ်က တံတွေ ထွေးချပီးအောက်ထပ်က လူရဲ့ ငယ် ထိပ်ပေါ် ကျတွားတဲ့ အခါ... ပလွတ်ခနဲ အိမ်ထဲ ၀င်ပြေးပြီး. ဘာလုပ်ရမှန်းမတိတော့ဘူး ဟီးဟီး.)..
တခါတခါ ကျရင်လဲ အားကိုမနာဘူး ဘတ်စကားပေါ်မှာ ထိုင်ခုံရရင် သေကောင်ပေါင်းလဲ သွားပြေးထိုင်ပီး.. မျက်နှာကို အစွမ်းကုန် ရှုံ့မဲ့ပြီး.. ခုလေးတင်ပဲ ရောဂါ ကြီးကြီးမားမား ပေါ်လာသလိုမျိုး လုပ်ပစ်တယ်
(ဟိဟိ) ဂယ် မနေနိုင်တော့ဘူးလေ.. ထိုင်ချင်တာကိုးလို့...

နံပါတ်မှာ သုံး .... ငြီးငြူ တတ်ခြင်း
တနေ့မှ တရက်ပဲ နှလုံးထိုးပြီး.... မပေါက်တဲ့ အခါလေးပဲ ငြီးငြူတတ်တာပါ... သိပ်တော့ မငြီးတတ်ပါဝူး...

နံပါတ်မှာလေး .... ကြိုတင်ပြင်ဆင်မှု မရှိခြင်း..
အီးအီး ပါရင် ကြိုတင်ပြင်ဆင်မှု မရှိပဲနဲ့ ရှုးရှုး တွေ ပါ ထွက်တတ်တယ် .. ဒါပေမယ့် ခွင့်လွှတ်ရတာပါပဲ.. ကိုယ့်ကိုယ်ကိုဆိုတော့.. :P

နံပါတ်မှာ ငါး .... အလုပ်များကို နေ့ရွှေ့ညရွှေ့ လုပ်တတ်ခြင်း
ဟုတ်ပ အဲတာလဲ တူတူပဲ.. အထူးသဖြင့် ရွေးကောက်ပွဲ မှာ... ၀င်ပြိုင်ပါ ၀င်ပြိုင်ပါနဲ့ အများက တိုက်တွန်းနေတဲ့ကြားထဲက နေ့ရွှေ့ညရွှေ့ လုပ်မိလို့ သူများတွေနိုင်ကုန်ပီ

(တလွဲမတွေးပါနဲ့ ရွေးကောက်ပွဲ ဆိုတာ စပါးလုံးရွေးကောက်ပွဲကိုပြောဒါ... ...)

နံပါတ်မှာ ခြောက် .... မဖြစ်သေးသည်များကို ကြိုတင်ပူပန် သောက ရောက်တတ်ခြင်း
ဒါကတော့ ငါ့ ညီမလေးဆီက ခိုးချရမှာ ပေါ်တင်ကြီး ကျနေပေမယ့် အားနာပါတယ် ညီမလေးရယ်
နင်နဲ့ တူတူပဲ..

ကမ္ဘာကြီးမပျက်ခင် မဟုတ်တာများ မလုပ်လိုက်ရမည်ကို ကြိုတင် ပူပန်တတ်သလားမမေးနဲ့ ..
တနေ့တနေ့ အဲဒီသတင်းကြားပီးထဲက ဘာလုပ်ရမလဲပဲ စဉ်းစားနေတာ..ဟီး..
(မိုက်တယ်ကွာ .. ဒီအချက်ကို မုန်းပေမယ့် အကြိုက်ဆုံးပဲ ..)

နံပါတ်မှာ ခွန်နှစ် .... သံသယများခြင်း သံသယ ဖြစ်ခံရသူကို ပြင်းထန်စွာ ရစ်ခြင်း တဲ့
ဟမ်.. ဒါတော့ခိုးချလို့ မဖြစ်ဘူး
တော်ကြာ ငါ့ကို သူများ ချောက်ညင်ကပ် ပါတယ်ဆို..

သံသယကတော့များတယ်...
(ဥပမာ) သူထိုင်နေတယ်... ဒါင့ါကို သောက်ဂရုမစိုက်တာပဲ.
သူထနေတယ်...ဒါလဲင့ါကို သောက်ဂရုမစိုက်တာပဲ..
သူအိပ်နေတယ်...ဒါလဲင့ါကို သောက်ဂရုမစိုက်တာပဲ..
သူကုန်းနေတယ်... တော်ပီ ကြောတော့ဘူး.... ညှီးညှီး....

နံပါတ်မှာ ရှစ် .... ပျာယာခတ်နမော်နမဲ့နိုင်ခြင်း
နဲနဲ ပါးပါးပါ...ဟီးဟီး... ကာရာအိုကေ ဆိုနေတုန်း ဖုန်းလာတော့ သွားပြေးကိုင်လိုက်တာ ကြိုးကို ခလုပ်တိုက်ပီး မှောက်ရက်လဲတာ အသံတွေ ဆူညံတွားတာပဲ
ဟီး...အရပ်က ခဲနဲထုတော့မလို့တဲတဲလေး...

နံပါတ်မှာကိုး .... အကောင်းမြင် ၀ါဒနဲနဲလေးပဲရှိခြင်း
အဲတာလဲ အကေးရှား နဲ့တူတယ်..
(ဥပမာ ... တွေ့တွေ့သမျှ မင်းသမီးတွေ ကိုယ့်လောက်ကို လှတယ် လို့မထင်ဘူး....ဝေါင်မယ်ရေး ကြောက်ပါပီခည..နောက်မပြောတော့ပါဘူးခည...)

ဟဲဟဲ... ပြီးတော့မယ် ဆယ်ချက်မှာ ခိုးချတာကြီးပဲ ဇိမ်ကျပေ့...

နံပါတ်မှာ တစ်ဆယ် ... ဟင်းဟင်းဟင်းဟင်းဟင်းဟင်းဟင်း......
အဲလေ.... မထူးပါဘူး ခိုးပဲချလိုက်တော့မယ်...နာ့ညီမလေးပဲဟာ..သူပဲသိတာလေ..နော့.. ဘူမှ လဲ မကြည့်ပါဝူး...

အလိုက်မသိခြင်း...(ဟိုက်..) နာ့ကို ဆဲပြီးနဲ့တူတယ်..
ဟဲဟဲ..ညီမလေးက ချစ်ချာလေး သဘောကောင်းမယ့်ရုပ်လေးနော်.. မေတ္တာသုတ်ရွတ်နော် ညီမလေး..
ဂယ်ပါ မမလေ ကိုယ်ပိုင်အူးနှောက်မရှိတာ ကို အမုန်းဆုံးပါဟယ်... (တရုတ်ကြေးအိုးဆိုင်မှာ ရောင်းစားထားလို့ပါ..)

ပြီးပြီ.

မယုံကြနဲ့နော် ရွှီးထားတာ ခောတ်မီအောင်လို့..

နောက်ထပ်တဂ် မယ့်သူများ...
မွန်

Spring


FL crazy

ဒါပဲ ချိတယ် နာ့ဘော်ဒါ..

2 comments:

  • FL Crazy

    မကောင်းတဲ့အကြောင်း ပြောပြရမယ်လား. ရှက်စရာလေးတွေတော့ ဖြစ်ကုန်မှာ။

  • FL Crazy

    မကောင်းတဲ့အကြောင်း ပြောပြရမယ်လား. ရှက်စရာလေးတွေတော့ ဖြစ်ကုန်မှာ။