ရှိတာတွေ ထုပ်ကြွားလို့ .. သြဘာတွေ ယူကြစို့..(ဖိနပ်စုတ်ပို့စ်)

Tuesday, December 9, 2008
အော်.... လူဆိုတာ အကြွားနဲ့ မကင်းတဲ့ သတ္တ၀ါ လို့ပြောကြတယ် မလား..
လူတွေ အကုန်လုံး တမျိုးမဟုတ်တမျိုး ကြွားနေကြတာပဲနော်...ညှင်း.....ညှင်း.....
သူများတွေ ကြွားတော့ stupidee လဲ ကြွားချင်တာပေါ့နော်....
နောက်ပီး..မမရေ.. လုပ်စမ်းပါ ဆိုပြီး အနားကနေ နေ့တိုင်းမြောက်ပေးနေတဲ့ ညီမလေး Acacia(အကေးရှား)
ကလဲ နေ့တိုင်းပွစိပွစိ လုပ်နေတာနဲ့ ..
ဟဲ..ဟဲ...
ရှိတာလေးတွေ ဖုတ်ဖတ်ခါပြီး ကြွားပွဲကြီးကို ခါတော်မီ ၀င်နွှဲလိုက်တာပေါ့နော်..
အဲတာနဲ့...

ဖိနပ်စုတ်တွေ ပါခည. ဇွမ်း ဆွဲ ကြည့်ကြပါ..zoom in လုပ်ပြီး ကြည့်မိရင် မတော်မိလို့ မျက်စေ့ကြီးပြူးသွားပြီး ပြန်ပိတ်မရရင် တာဝန်မယူဘူးနော်..



၁ -- ခြေညှပ်ပန်းရောင်လေးကအိမ်သာစီးတာ
၂ -- ဂွင်းထိုးအ၀ါလေးက ခရီးသွားတော့ ဟော်တယ်ကအလကားပေးတာကို (တို)လာတာ
၃ -- နောက်ထပ် အ၀ါ ထိန်ထိန်တောက်တောက်လေးက ဒစ်စကောင့် နဲ့ဝယ်လာတာ ၁၀-ပဲပေးရတယ်.. အရမ်းကြိုက်လို့ ခွာနာလျှာနာ အဲ ခွာလန်နေတဲ့အထိ လွှင့်မပစ်ရက်ဘူး ..(ဟင့်)
၎-- အပြာရောင်လေးကလဲ အရမ်းကြိုက်လို့ လွင့်မပစ်ပဲ စီးလာတာ.... ဟိုတနေ့က စီးပြီး ခြေထောက်ကို ငုံ့ကြည့်လိုက်တော့ ...အမယ်ရေး... ဖိနပ်ဆိုးလ်က အရည်ပျော်ပြီး အဖတ်တွေက ခြေဖ၀ါး မှာကပ်နေတာ မယ်လမုဘုရားမှာ တောင်းနေတဲ့ အန်တီကြီးလို ဖစ်ပီလားလို့ ဆံပင်မွှေးတွေ ထောင်ကုန်သေးတယ်.. (ဟိ)
၅ -- ဟင်းဟင်း.. ....လိမ္ဓော်ရောင်လေးက ..ဟင်းဟင်း... ပေါ့သေးသေးတော့မထင်နဲ့နော်.. ၀တ်လိုက်ရင်.. ချောင်သလောင်ပီး ခြေချောင်းတွေ အကုန် ဖိနပ်ဝက ငုတ်တုတ်ပြူပြီး ချောင်းကြည့် နေတဲ့အထိ ထွက်လာလို့မလန့်နဲ့..Clarks တံဆိပ် ..ဟင်းဟင်း... ပြောပြီးသားပဲ.................... အင်း ဟင်.......
၆ -- ဟွန်းဟွန်း.... ဒါလဲ.... ဟွန်းဟွန်းပဲ ...
အဲလေ ဖိနပ်ပဲ လို့ပြောတာ.. ဟုတ်ပေါင်.. Ever Best နော်.. ... ဒါပေမယ့် ထိပ်ပေါက်နေတာ လေးပဲ ဟာကို..
ရ -- ရွှေညိုရောင်လေးက တော့အလှုအိမ်က မှားစီး အဲ.. ဟုတ်ပေါင် ... SERRER တဲ့..... ညှင်းညှင်း..
သူလဲ နောက်ကလန်နေပီ.... (တလွဲ မတွေးပါနဲ့ ဆိုးလ်ပြောတာ)
၈ -- ဒါလေးကတော့ Bata အပန်းရောင်လေး လန်းတယ်နော်
ခုတော့... အလန်းလေးလဲ အလန်လေး ဘ၀ရောက်ပီး ခောတ်ကုန်တော့မယ်.. (အော်.. ဖိနပ်...ဖိနပ်.. အချိန်တန်တော့လဲ လန်းရာက........(ဆိုးလ်...ပါဆို)
၉ -- ဒါလေးလဲ ... အလန်... အဲ ... အလန်းလေးပဲ... Carlo Rino.. တဲ့
မီးမီး အကြိုက်ဆုံးတွေ က အစုတ်ဆုံးတွေ မို့လို့ အထင်မသေးနဲ့နော်.... ရှိသေးတယ်... အင်းဟင်....အင်းဟင်..





(၁-နဲ့ ၂)-မနေ့ကမှ အောချတ်ရုတ်က Isetan ရဲ့ အောက်ဆုံးထပ်ရဲ့ ဘေးက လမ်းကြားမှာ ပုံရောင်းနေတဲ့ ကုလားက အမရယ် ၃-စီးယူ သွားပါ ၁၅ ကျပ် နဲ့ ထားပေးမယ် ဆိုလို့ တနားလို့ ၀ယ်လာတာ....... အနက်လေး.....ဂွီ..(အတစ်နော်.. အနံ့လေးတောင် ငခြောက်ဖုတ်နံ့ မပျောက်သေးဘူး)
(၃) -DMK က ၀ယ်လာတာ.. အမဲလေး.. ခွာကောင်းလို့ မတော် အန်တရယ် နဲ့တွေ့ရင် အရင်ဦးအောင် တွယ်လို့ရတယ်..
(၄) - ဒါလေးကတော့ ပြားကပ်နေလို့ ခြေလောက် ထိုးထည့် ပီးမှ ရိုက်လို့ရတယ် (စက်ဆီလဂ်လေ...ညှိညှိ)
(၅-၆) - ဒါလေးကတော့ လုံဒုံကို ရောက်တုန်းက ၀ယ်လာတာ ၂ပေါင်ပေးရတယ် (အိမ်မက်ထဲမှာ)
(ရ) - ALL STAR လေ ညှဲညှဲ.. ပျိုတိုင်းကြိုက်တဲ့ ၀က်သားတုတ်ထိုး ..ဟုတ်ပေါင် အောစတား..
စစ်မှန်းတိအောင် တံဆိပ်ကို ချိန်ပီး ရိုက်ထားတာ... အွတ်...
(၈-၉) - အဲတာတွေလဲ ကြိုက်လို့တော့ မဟုတ်ဘူး ခွာကောင်းလို့ ၀ယ်ထားတာ ဟိုးအပေါ်ဆုံးကအ၀ါရောင်လေးလောက် မီးမီး မကြိုက်ဘူး ဟွန့်..
(၁၀) အသုံးဝင် ဆုံး ဖိနပ်လာပါပြီ ခညာ... အပြေးကျင့်ရင် ဒါလေးပါမှ စံချိန်သစ် တင်နိုင်မှာပါ..
ဘာဖစ်လို့လဲဆိုတော့...
အပေါ်က ဖိနပ်တွေ အကုန်လုံး ....လက်တလောဝယ်.. နောင်ခါရှင်း စံနစ်နဲ့ ဈေးထဲက ဒေါ်ဘုမ ဆီက ၀ယ်ထားတာ အကြွေးတွေ ခုထိ မဆပ်ရတေးတော့ ပြေးနိုင်မှ လွတ်မှာလေ.. ဟီးဟီး....

အမယ်.. ဒီဟာတွေ အကုန်လုံး ဂူဂဲလ် ရာဟူး ဖလစ်ကာ ပီကာဆာ.. ဘာညာဘာညာ ဆိုဒ်တွေ က ကူးထားတာမဟုတ်ဘူးနော်...
ညီမလေးတယောက်က ပြောမှ လန့်တွားတယ်... ဟိဟိ
ဘာရယ် မဟုတ် ... မတော် သူများ ယူသုံးနေမှာ စိုးလို့
ဟောဒလို.....လေး.....
Creative Commons License
shoes by stupidee is licensed under a Creative Commons Attribution-Noncommercial-No Derivative Works 3.0 Unported License.

ညှဲ... ညှဲ....
ခုခောတ်က စိတ်ချရတာဝုတ်ဝူး......တော့

ကိုင်း... ကိုင်း... ထုံးစံ အတိုင်းတဂ်မယ့် သူများကတော့
ညီမလေး Acacia(အကေးရှား)
မွန်
Spring
FL ကလေးစီး..
တို့ ဖစ်ပါတယ်
ဒီပို့စ်က ရိုက်ပေါက် မို့လို့ စဉ်းစားပြီးမှ ရေးကြပါ ခညာ.. နှာစေးတယ် ဆိုလဲ MC ပေးမှာ ဖစ်ပါတယ်.. ဟီး


4 comments:

  • FL Crazy

    လန်တာတွေချည်းပါလားဗျို ။ ဟ္ဂိ

  • FL Crazy

    လန်တာတွေချည်းပါလားဗျို ။ ဟ္ဂိ

  • a kyite sone lay ka tot All* orange lay mama yay..lann tel :)

  • a kyite sone lay ka tot All* orange lay mama yay..lann tel :)