Chris Daughtry-Home

Saturday, June 28, 2008
သီချင်းသစ်တွေ မတင်ချင်သေးလို့ အဟောင်းတွေပဲ ပြန်လည် ဆန်းသစ်လိုက်ပါတယ်..
ဒီသီချင်းက ဒီအတိုင်း စပီကာနဲ့ ဖွင့်ပြီးနားထောင်ရင်တော့ ဆူညံတယ် ထင်ရပေမယ့်..
နားကြပ်နဲ့နားထောင်ရင်တော့ ရှယ်ပဲ..
အိမ် ဆိုတာ တချို့လူတွေ အတွက်တော့ အဖေ အမေ မိသားစု ညီအစ်ကို မောင်နှမတွေ ရှိရာနေရာ..
ဝေးကွာနေတာ ကြာပြီဖြစ်တဲ့ ဆွေမျိုးတွေကို အတူပြန်လည် ဆုံတွေ့လို့ရတဲ့နေရာ.....
အသက်ကြီး အိုမင်းလာပြီဖြစ်တဲ့ အိမ်နီးခြင်းဟောင်းကြီးတွေ ကို နှုတ်ဆက်လို့ရတဲ့နေရာ......
ပွားစီးလာတဲ့နောက် မျိုးဆက်သစ်တွေ ကိုယ်စီ ကိုယ်စီ တွေ့ဆုံရင်းနှီးနိုင်တဲ့နေရာလေး ဖြစ်တတ်သလို.....
တချို့လူတွေ အတွက်လဲ..

ဝမ်းနည်းကြေကွဲစရာတွေ မြှုတ်နှံ ခဲ့တဲ့နေရာ.....
ချစ်ခင်သူတွေ ခေါင်းချခဲ့တဲ့နေရာ...
အတိတ်ဟောင်းတွေ ခြေရာဟောင်းတွေ ပြန်လည်တူးဖော်နိုင်တဲ့နေရာ...
တခါတလေ မဖြေရှင်းနိုင်တဲ့ ပြသနာတွေ တည်ရှိနေတဲ့နေရာ...... ဖြစ်နေတတ်တာပေါ့.....
ဘာပဲဖြစ်ဖြစ်လေ...အိမ် ဆိုတဲ့နေရာလေးမှာ.....
လူတိုင်းရင်မှာ အိမ်ဆိုတဲ့နေရာကိုရောက်မှ လုံခြုံစိတ်ချမှုကို ခံစားရတယ်လေ....
လူတိုင်းဟာ အိမ်ကို လွမ်းနေကြသူတွေပါပဲ..

အိမ်ရှိတဲ့ အရပ်ကို ပြန်ချင်နေကြတဲ့သူတွေချည်းပါပဲ....
ပင်ပန်းနေတဲ့ စိတ်တွေကိုလဲ နဂို အတိုင်း ပကတိ အတိုင်း ဟန်ဆောင်မှုများကြားကနေ ဖယ်ခွာချလို့ စိတ်ဒုံးဒုံးချနိုင်တဲ့နေရာပါပဲ..
သူငယ်ချင်းတို့လဲ အမြန်ဆုံးအိမ်ပြန် နိုင်ကြပါစေ....



DAUGHTRY LYRICS

"Home"

I'm staring out into the night,
Trying to hide the pain.
I'm going to the place where love
And feeling good don't ever cost a thing.
And the pain you feel's a different kind of pain.
ညအမှောင်ထဲကို ငေးကြည့်နေရင်း
နာကျင်မှုတွေကို မြိုသိပ်ရင်းပေါ့
ငါချစ်တဲ့နေရာဆီကို ပြန်တော့မယ်
ပိုက်ဆံ မကုန်ဘဲ သက်တောင့်သက်သာ နေနိုင်တဲ့နေရာလေးပေါ့
မတူ့ခြားနားတဲ့ ကြည်နူးနာကျင်မှုမျိုးတွေနဲ့လေ..

Well I'm going home,
Back to the place where I belong,
And where your love has always been enough for me.
I'm not running from.
No, I think you got me all wrong.
I don't regret this life I chose for me.
But these places and these faces are getting old,
So I'm going home.
Well I'm going home.
ကဲ..... အိမ်ပြန်ရတော့မယ်
ငါ့ရဲ့ နေရင်းကိုပြန်မယ်
မင်းရဲ့ အချစ်နဲ့ ပြည်စုံလုံလောက်နေတဲ့နေရာလေးဆီ
ငါထွက်ပြေးလာတဲ့အရပ်တော့မဟုတ်ပါဘူး
မင်း အထင်မမှားပါနဲ့
ငါရွေးချယ်တဲ့ဘ၀အတွက် နောင်တ မရပါဘူး
နေရာလေးတွေ နဲ့ မျက်နှာတွေတော့ အိုမင်း ကုန်ကြပြီပေါ့
ကဲ အိမ်ပြန်ရတော့မယ်လေ...

The miles are getting longer, it seems,
The closer I get to you.
I've not always been the best man or friend for you.
But your love remains true.
And I don't know why.
You always seem to give me another try.
အကွာအဝေးတွေက ပိုကွာဝေးလာတယ် လို့ထင်ရလေ
မင်းနဲ့ပိုနီးလာလေပါ
ငါဟာမင်းအတွက် အရင်းနှီးဆုံး လဲမဟုတ်
သူငယ်ချင်းလိုလဲ မဟုတ်ခဲ့ပေမယ့်
မင်းကတော့ ငါ့ကိုချစ်နေတုန်းပဲနော်
ပြီးတော့ ဘာကြောင့်လဲ မသိဘူး
မင်းငါ့ကို အမြဲတမ်းခွင့်လွှတ်နေတယ်ဆိုတာ သိနေတယ်

So I'm going home,
Back to the place where I belong,
And where your love has always been enough for me.
I'm not running from.
No, I think you got me all wrong.
I don't regret this life I chose for me.
But these places and these faces are getting old,

Be careful what you wish for,
'Cause you just might get it all.
You just might get it all,
And then some you don't want.
Be careful what you wish for,
'Cause you just might get it all.
You just might get it all, yeah.
လိုချင်တဲ့ အရာကို ဆုတောင်းရင် သတိထားပေါ့
ဘာလို့လဲဆိုတော့..ရနိုင်တယ်လေ
မလိုတာတွေလဲ ရနိုင်တယ်..တဲ့
သတိထားတဲ့...

Oh, well I'm going home,
Back to the place where I belong,
And where your love has always been enough for me.
I'm not running from.
No, I think you got me all wrong.
I don't regret this life I chose for me.
But these places and these faces are getting old.
I said these places and these faces are getting old,
So I'm going home.
I'm going home.



0 comments: