Someone - D.H.T

Monday, May 11, 2009 2 comments
ကွိစိနဲ့ သူ၏မောင် အတွက်...




You can't eat, you can't sleep, you can weep when you love someone
Feels extreme when you dream, and you scream when you love someone

If you feel that strong
Can you see that, one

[Chorus]
Let me be your...
Someone to hold you tight
Someone to make you feel All right.

Everyday and night
I wish I was your someone

Someone to hold you when you're weak
Someone to make you feel complete

Every day and night
I wish I was your someone

Someone

Don't you know, I will go, if you show that I can break through
Feels extreme when you dream, and you scream when you love someone

If you feel that strong
Can you see that you're the one

[Chorus]

And I hold you tight
You're still on my mind, I can't stand to live without you
And I can't forget you
Wherever you are, you're still on my mind



Eagles (farewell) - love will keep us alive

Friday, May 8, 2009 0 comments



"Love Will Keep Us Alive"

I was standing
All alone against the world outside
You were searching
For a place to hide
ကမ္ဘာ အပြင်ဘက်မှာ တယောက်ထဲ မတ်တပ်ရပ်နေတာ ငါပေါ့...
မင်းကတော့ ပုန်းခိုရာနေရာတစ်ခုကို ဖွေရှာနေဆဲပဲ....

Lost and lonely
Now you've given me the will to survive
When we're hungry...love will keep us alive
ဆုံးရှုံးခြင်းနဲ့ အထီးကျန်ခြင်းတွေရယ်...
မင်းငါ့ကို ပေးအပ်ခဲ့တာ ဆက်လက်ရှင်သန်စေခြင်တဲ့ ဆန္ဒတွေပါ...
တို့တတွေ ဆာလောင်ငတ်မွတ်တဲ့ အခါ ...
အချစ်က ဆက်လက်ရှင်သန်ခြင်းကို ပေးစွမ်းနိုင်လိမ့်မယ်...

Don't you worry
Sometimes you've just gotta let it ride
The world is changing
Right before your eyes
Now I've found you
There's no more emptiness inside
When we're hungry...love will keep us alive
စိတ်မပူနဲ့နော်...
တခါတရံ ဖြစ်လိုတာတွေ ဖြစ်စေလိုက်ပါ...
လောကကြီးဟာပြောင်းလဲနေတာပဲ...
မင်းရှေ့မှောက်တင် လေးမှာပဲ.....
ခု မင်းကို ဆုံတွေ့ရပြီ.....
လစ်ဟာနေတာတွေ ရင်ထဲမှာ မရှိတော့ဘူး...
အချစ်က ဆက်လက်ရှင်သန်ခြင်းကို ပေးစွမ်းနိုင်လိမ့်မယ်...

I would die for you
Climb the highest mountain
Baby, there's nothing I wouldn't do
မင်းအတွက် အသက်ပေးဝံ့တယ်.....
အမြင့်ဆုံး အခက်အခဲတွေ ကျော်လွှားကြမယ်....
ဘေဘီ.. ကိုယ် မလုပ်နိုင်တာ ဘာမှ မရှိပါဘူး...

I was standing
All alone against the world outside
You were searching
For a place to hide
Lost and lonely
Now you've given me the will to survive
When we're hungry...love will keep us alive
When we're hungry...love will keep us alive
When we're hungry...love will keep us alive




Tequila Sunrise - Eagles

0 comments
Tequila Sunrise ကောက်တေး




Tequila Sunrise Cocktail စပ်နည်း....

တာကီလာဆိုတာ မက်ကစီကိုနိုင်ငံက တာကီလာမြို့ကထုတ်လုပ်တဲ့ အရက်ပါ..။


# 4.5 cl (3 parts) Tequila
# 9.0 cl (6 parts) Orange juice
# 1.5 cl (1 part) Grenadine syrup

တာကီလာ ၃ချိုးနဲ့ လိမ္မော်ရည် ၆ချိုးကို ဒီလိုဖန်ခွက်ထဲထည့်ပါ..။



ဖန်ခွက်ထဲမှာ ရေခဲ နဲနဲ အရင်ထည့်ထားပါ..။ (အရက်စပ်ရောင်း မလို့ စဉ်းစားနေတာ..) Grenadine syrup ချယ်ရီသကြားရည် တစ်ချိုးထည့်ပါ...။သကြားရည်က ဖန်ခွက်အောက်ထိ နစ်ဆင်းသွားလိမ့်မယ်..။ မမွှေပါနဲ့...။ ချယ်ရီသီးနဲနဲ ထည့်လိုက်ပါ.. လိမ္မော်သီးကို အကွင်းလိုက်လှီးပြီး ဖန်ခွက်နှုတ်ခမ်းမှာ တပ်ပေးလိုက်ပါ...။
ခီးခီး... ဘာဘလော့အမျိုးစားလဲ မတိတော့ဘူး.. ကိုယ့်ဟာကိုယ်လဲ.....။





It's another tequila sunrise
Starin' slowly 'cross the sky, said goodbye
He was just a hired hand
Workin' on the dreams he planned to try
The days go by
ဒီဟာ တာကီလာ ဆန်းရိုက်စ် နောက်တခွက်ပဲ...
ဖြေးဖြေးလေးမွှေရင်းနဲ့ အရမ်းမိုက်လာတာ မိုးပျံနေပြီ တာ့တာပဲ..

သူကတော့ သူရင်းငှားလေး တယောက်ပါပဲ....

သူ့အိမ်မက်လေးတွေ အကောင်ထည်ဖေါ်ဖို့...

နေ့ရှိသ၍ကြိုးစားနေသူတယောက်ပါ....



Ev'ry night when the sun goes down
Just another lonely boy in town
And she's out runnin' 'round
နေ့စဉ်နေညိုပြီဆိုရင်......
သူမ အနားမှ တဝဲလည်လည်လုပ်နေတတ်တဲ့...

ယောင်ချာချာ ကောင်လေးတယောက်ပေါ့...


She wasn't just another woman
And I couldn't keep from comin' on
It's been so long
Oh, and it's a hollow feelin' when
It comes down to dealin' friends
It never ends
သူမကတော့ တခြားမိန်းကလေးတွေနဲ့ မတူခြားနားသူလေးပေါ့..
ကိုယ်နဲ့နီးစပ်ဘို့ ကြိုးစားနေတာကြာပြီ...

နေ့စဉ်နဲ့ အမျှပါပဲ....

နောက်ဆုံးတော့ မပြီးနိုင်မဆုံးနိုင် ငြင်းလိုက်ခုန်လိုက်နဲ့

သူငယ်ချင်းဘဝနဲ့ပဲ အဆုံးသတ်လိုက်ရတာကို

ကိုယ့်ရင်မှာ ဟာတာတာ နဲ့ပဲပြီးခဲ့ရတယ်...


Take another shot of courage
Wonder why the right words never come
You just get numb
It's another tequila sunrise,
This old world still looks the same,
Another frame, mm...
တကယ့်ထိရောက်မယ့်စကားတွေ ဘာကြောင့်ထွက်မလာနိုင်တာလဲဆိုတာ..
အင်အားမရှိသလိုပဲ...

သူမကတော့ မသိချင်ယောင်ဆောင်နေပြန်တယ်....

ဒီဟာ တာကီလာဆန်းရိုက် နောက်တခွက်ပဲ...

ဒီကမ္ဘာကြီးဟာ အရင်အတိုင်း ဟောင်းနွမ်းလျက်ပါပဲ.....

နောက်ထပ်ဇာတ်ကွက်တခုပါပဲ.....



Eagles - Hotel California

Thursday, May 7, 2009 4 comments






"Hotel California"

On a dark desert highway, cool wind in my hair
Warm smell of *colitas, rising up through the air
Up ahead in the distance, I saw shimmering light
My head grew heavy and my sight grew dim
I had to stop for the night
မှောင်မှောင်မဲမဲ ကန္တာရ လမ်းမကြီးထက်မှာတနေ့ပေါ့... အေးစက်တဲ့လေက ဆံပင်တွေကို တိုးနေတယ်... *ထင်းရူးပင်တွေရဲ့ ရနံ့နွေးတွေက လေထုထဲမှာ ပျံ့လွင့်နေတယ်... ရှေ့ကို မျှော်ကြည့်လိုက်တော့... မီးရောင်မှိန်မှိန်လေးတွေ့ရတယ်.. ခေါင်းတွေလဲ ကိုက်လာပြီ.. မျက်စေ့တွေလဲ ဝါးနေတယ်... ဒီညအဖို့တော့နားမှရတော့မယ်....

There she stood in the doorway;
I heard the mission bell
And I was thinking to myself,
'This could be Heaven or this could be Hell'
Then she lit up a candle and she showed me the way
There were voices down the corridor,
I thought I heard them say...
တံခါးပေါက်ဝမှာ သူမရပ်နေတယ်... ဘုရားကျောင်းက ခေါင်းလောင်းသံလဲကြားမိတယ်... ငါ့စိတ်ထဲမှာ ထင်နေမိတာကတော့.. "ဒါဟာ ကောင်းကင်ဘုံပဲနေမယ်.. ငရဲလဲ ဖြစ်နိုင်တာပဲ".. လို့... နောက်တော့ သူမ က ဖယောင်းတိုင်မီးကို ထွန်းညှိလိုက်ပြီး လမ်းပြခေါ်ဆောင်သွားတယ်.. ကော်ရစ်ဒါရဲ့အောက်ဘက်က အသံတွေလဲ ကြားလိုက်မိတယ်... ငါ့အထင် သူတို့ပြောနေကြတာက....
Welcome to the Hotel California
Such a lovely place (Such a lovely place)
Such a lovely face
Plenty of room at the Hotel California
Any time of year (Any time of year)
You can find it here
ဟိုတယ် ကယ်လီဖိုးနီးယားမှ ကြိုဆိုလျှက်ပါ... တဲ့ ချစ်ဖို့ကောင်းလိုက်တဲ့နေရာလေးပဲ... ဟိုတယ်ကယ်လီဖိုးနီးယားမှာ အခန်းလွတ်တွေ အများကြီးရှိပါတယ်တဲ့.. တနှစ်ပတ်လုံး ဘယ်အချိန်လာလာတဲ့... အခန်းရနိုင်ပါတယ်တဲ့...

Her mind is Tiffany-twisted, she got the Mercedes bends
She got a lot of pretty, pretty boys she calls friends
How they dance in the courtyard, sweet summer sweat.
Some dance to remember, some dance to forget
ဂုဏ်မက်တဲ့ မိန်းကလေးပါ.. သူမမှာ မာစီးဒီးစ် ဘင့်ဇ် ရှိတယ်... သူမမှာ သူငယ်ချင်းလို့ခေါ်နေတဲ့ ကောင်းလေးချောချောလေးတွေ ရှိတယ်... ခြံဝင်းကျယ်ကြီးထဲမှာ ကနေကြတာပဲ... နွေရာသီရဲ့ ချွေးနံ့ ချိုချိုလေးတွေပေါ့လေ... ဘယ်လိုတွေကလဲ ဆိုတာ တချို့တော့ မှတ်မိပေမယ့် တချို့တော့ မေ့ကုန်ပြီ...


So I called up the Captain,
'Please bring me my wine'
He said, 'We haven't had that spirit here since nineteen sixty nine'
And still those voices are calling from far away,
Wake you up in the middle of the night
Just to hear them say...
ဒါနဲ့ ခေါင်းဆောင်လုပ်တဲ့သူကိုခေါ်လိုက်ပြီး... ဝိုင်နဲနဲလောက်ပေးပါခင်ဗျာ လို့ပြောလိုက်တော့... သူက " ဒီအရပ်မှာ ဝိုင်မရတာ ကြာပါပြီ.. ၁၉၆၉ ထဲကပဲ" လို့ပြောတယ်.. အား.. အဝေးက ခေါ်သံသဲ့သဲ့တွေ ကြားနေရတုန်းပဲ... ညလယ်ခေါင်ကျမှ မင်းကိုနှိုးဦးမယ်... သူတို့ပြောတာကြားရအောင်လို့....

Welcome to the Hotel California
Such a lovely place (Such a lovely place)
Such a lovely face
They livin' it up at the Hotel California
What a nice surprise (what a nice surprise)
Bring your alibis
ဟိုတယ် ကယ်လီဖိုးနီးယားမှ ကြိုဆိုလျှက်ပါ... တဲ့
ချစ်ဖို့ကောင်းလိုက်တဲ့နေရာလေးပဲ...
ဟိုတယ် ကယ်လီဖိုးနီးယားမှာ သူတို့နေကြတယ်... အံ့သြစရာလေးပဲနော်.... အကြောင်းပြဘို့ကောင်းတဲ့နေရာလေးပဲ....

Mirrors on the ceiling,
The pink champagne on ice
And she said 'We are all just prisoners here, of our own device'
And in the master's chambers,
They gathered for the feast
They stab it with their steely knives,
But they just can't kill the beast
ကြက်ခိုးပေါ်မှာ မှန်ချပ်တွေနဲ့.... ပန်းရောင်ရှန်ပိန်လေးက ရေခဲစိမ်ထားတယ်.. သူမကပြောလိုက်တယ်.. "ကျမတို့ အားလုံးဒီမှာ ကိုယ့်စားရိတ်နဲ့ ကိုယ်ကျွန်ခံနေကြရတာ"တဲ့... နောက်တော့ သူဌေးရုံးခန်းထဲမှာ.... စားသောက်ချိန်အတွက် အားလုံးစုဝေးကြရတယ်... ပြီးတော့ စတီးဓားတွေနဲ့ ဝိုင်းထိုးကြတယ်..... ဒါပေမယ့် အဲဒီကောင်ကြီးက မသေဘူး.....( မဟုတ်မှလွဲရော ရေချိန်ကိုက်ပြီထင်ပါတယ်..)


Last thing I remember, I was
Running for the door
I had to find the passage back
To the place I was before
'Relax,' said the night man,
'We are programmed to receive.
You can check-out any time you like,
But you can never leave!'
နောက်ဆုံး သတိရလိုက်တာကတော့... ငါလဲ တံခါးပေါက်ကို ထွက်ပြေးနေတယ်.... ငါလာရာလမ်းကို ပြန်ရှာဘို့လေ.... ညလူတယောက်က လာပြောပြန်တယ်... "အေးဆေးပေါ့"တဲ့... " ငါတို့ အားလုံး မင်းဟိုတယ်က အချိန်မရွေး check-out လုပ်နိုင်ဘို့ စီစဉ်ပြီးသားပါ"တဲ့.... "ဒါပေမယ့်.. မင်းထွက်သွားလို့ ဘယ်တော့မှ မရတော့ဘူးတဲ့"......
(အောင်မယ်လေး.... ဘုရားရေ.....ပြသနာ ... )


*colitas ဆိုတာ ကန္တာရ ထဲမှာ ပေါက်တဲ့ ထင်းရူးမျိုးနွယ်ဝင် ပရဆေးပင်တမျိုးပါ.. တချို့ကတော့ ဆေးခြောက်လို့လဲ ခေါ်တယ်...



ကယ်လီဖိုးနီးယား ဟိုင်းဝေးလမ်းတလျှောက်မှာ ချုံပုတ်တွေ လိုပဲ ခုလိုပေါက်ရောက်တယ်... ပန်းပွင့်ရင် အနံ့သင်းသင်းလေးရတယ်...

ကိုယ်ဝန်သယ်တွေ ကလေးမွေးရင် အနာသက်သာအောင်စားသုံးကြတယ်တဲ့... တံတွေးကိုချိုစေတဲ့ အစွမ်းရှိတယ် ဆိုပဲ....




John Denver - Country Road Take me Home

Monday, May 4, 2009 4 comments


United States က အနောက်ဗာဂျီးနီးယား ဒေသက Blue Ridge Mountains ဆိုတဲ့တောင်ပြာတန်းကြီး.. (အဲဒီမှာလဲ သတ္တုမိုင်းတွေ ရှိတတ်တယ်..)


Blue Ridge Mountains တောင်ပြာတန်းကြီး ဖြတ်သန်းစီးဆင်းရာ.. ရှန်းနန်းဒိုးဝါမြစ်ကြီး...


လူတိုင်းစွဲလမ်းခဲ့တဲ့ ကျေးလက်သီချင်း(Country Music) လေး တပုဒ်ပဲဖြစ်ပါတယ်...။

John Denver-Country road




Almost heaven, West Virginia
Blue Ridge Mountains, Shenandoah River
Life is older there, older than the trees
Younger than the mountain
Growing like a breeze
နိဗ္ဗာန်ဘုံအလား.. ဗာဂျီးနီးယားအနောက်ဘက်ဒေသ...
ရိတ်ခ်ျ တောင်ပြာတန်းကြီးတွေနဲ့ ရှန်းနန်းဒိုးဝါ မြစ်ကြီးရယ်..

ဒီအရပ်မှာ ကြီးပြင်းခဲ့တယ်..
သစ်ပင်တွေထက် ကိုယ့်အသက်ပိုကြီးပြီး..
တောင်ပြာတန်းတွေထက်တော့ ကိုယ်က ပိုအသက်ငယ်တာပေါ့...

လေညှင်းလေးတွေအလား ကြီးပြင်းလာခဲ့တယ်...


Country roads, take me home
To the place where I belong
West Virginia, mountain mama
Take me home, country roads
ကျေးလက်လမ်းလေးရယ်.. ကိုယ့်ကို အိမ်အရောက်ပို့ပေးမယ်..
ကိုယ်ကြီးပြင်းခဲ့ရာ နေရာလေးဆီကို...

အနောက်ဗာဂျီးနီးယားက... မိခင်တောင်တန်းကြီးတွေနဲ့....

ကိုယ့်ကိုအိမ်အရောက်ပို့ပေးတော့ ..ကျေးလက်လမ်းကလေးရယ်...



All my memories gather round her
Miner's lady, stranger to blue water
Dark and dusty, painted in the sky
Misty taste of moonshine
Teardrops in my eye
သူ့ကိုပဲ တဝဲလယ်လယ် အောက်မေ့သတိရနေတဲ့ ကိုယ့်ရဲ့စိတ်တွေ...
မိုင်းအလုပ်သမားလေးရဲ့ဇနီးလေး... ပင်လယ်ရေပြာကို မမြင်ဘူးရှာသူ..
မှောင်မဲ ဖုံတထောင်းထောင်းနဲ့... ကောင်းကင်မိုးသားမှာ ဆေးရောင်ခြယ်ထားတယ်...
ညခင်းလမင်းအလင်းရောင်မှာ မြူတွေဝေလို့...
ကိုယ်မျက်ရည်တွေဝေ့လာတယ်...

Country road, take me home
To the place , I belong
West Virginia, mountain Mamas
Take me home, country roads
ကျေးလက်လမ်းလေးရယ်.. ကိုယ့်ကို အိမ်အရောက်ပို့ပေးမယ်..
ကိုယ်ကြီးပြင်းခဲ့ရာ နေရာလေးဆီကို...

အနောက်ဗာဂျီးနီးယားက... မိခင်တောင်တန်းကြီးတွေနဲ့....

ကိုယ့်ကိုအိမ်အရောက်ပို့ပေးတော့ ..ကျေးလက်လမ်းကလေးရယ်...



I hear her voice in the morning hour
She calls me
The radio reminds me of my home far away
And driving down the road I get a feeling
That I should've been home yesterday, yesterday
မိုးလင်းတိုင်းလာနှိုးတတ်တဲ့ မင်း အသံလေးကိုကြားယောင်လာတယ်..
ရေဒီယိုကလာတဲ့ သီချင်းသံလေးတွေက..
အိမ်ဝေးတယောက်ရဲ့ အဖြစ်ကို သတိရစေတယ်... လမ်းအတိုင်းမောင်းချသွားတော့ ...
မနေ့ညကအိမ်ကို မပြန်ရသလို ခံစားချက်ဖြစ်ပေါ်လာခဲ့တယ်..



Country roads, take me home
To the place where I belong
West Virginia, mountain mama
Take me home, country roads


1970 နှစ်များမှာကျော်ကြားခဲ့တဲ့ ကျေးလက်ရော့ခ် အဆိုတော် ဂျွန်ဒဲန်ဗားဟာ အသက် ၅၃ နှစ်အရွယ်မှာ တယောက်စီးကိုယ်ပိုင်လေယာဉ်ပျံ လေးကိုဝယ်ပြီးနောက်တနေ့မှာပဲ လေယာဉ်ပျက်ကျ ကွယ်လွန်ခဲ့ပါတယ်..။
လေယာဉ်လေးရဲ့ အမည်ကတော့
Long-Eze, serial number 54, number 228vs.
ဖြစ်ပါတယ်..။ အလွန်ခိုင်ခံ့တဲ့ ဖိုင်ဘာဂလပ်စ် ကော်နဲ့ တည်ဆောက်ထားတာပါ..။ သူက ဝယ်ပြီးချင်းချင်း စန်တာမာရီယာမြို့ကနေ မွန်ထရေရီ ကိုစမ်းသပ်ပျံသန်းပြီးပါပြီ..။
နောက်တနေ့ဖြစ်တဲ့ တနင်္ဂနွေ နေ့မှာနေ့လည်ခင်း ကမ်းခြေတလျှောက် တက်ဆင်း၃ကြိမ်ပြုလုပ်ခဲ့ပြီး မွန်ထရေရီ လေဆိပ်က ဆင်းသက်ခွင့် ပါမစ်ကိုမရခင်မှာ နောက်ပြန်လှည့်လာပြီး နောက်တကြိမ် စမ်းသပ်ပြန်သန်းဘို့ စတင်လိုက်ပါတယ်..။ အဲတာ October 12 1997 ဖြစ်ပါတယ်..။
သူဟာ "Yuma Rod and Gun Club" တံဆိပ် ဘက်စကပ်ဘောဦးထုပ် ၊ ခါးဆိုဒ် ၃၂ ရှိတဲ့ Haggar တံဆိပ် ဘောင်းဘီရှည် အစိမ်းရောင် နဲ့ ရောင်စုံဆွယ်တာအကျီင်္ ၊ အနက်ရောင်မြင်းစီးရှပ်လက်တို တို့ကို ဝတ်ဆင်ထားပါတယ်... (အီတွင် အတင်း.. အဲ .. သတင်းများကို...)ဆက်ပြောပါမယ်..။ ကန်းထွီး ဘွတ်ဖိနပ်နဲ့ ခြေအိပ်အနက်ရောင်လေးနဲ့..။
ညနေ ၅နာရီ ၂၈မိနစ်အချိန် ကမ်းခြေမှ ပေ ၁၅၀ အကွာရေပြင် အထက် ပေ ၅၀၀ လောက်မှာ လူတွေကြည့်နေတုန်းမှာပဲ ပေါက်ကွဲသံ အသေးစားလေးနဲ့ အတူ လေယာဉ်ပျံလေးဟာ ရေထဲ နှစ်ခြမ်းကွဲပြီး ပြုတ်ကျသွားပါတယ်..။ ချက်ချင်းပဲ ပင်လယ်ဇင်ယော်ငှက်တွေ ဟာ အဲဒီနေရာကိုရောက်ရှိကုန်ပါတယ်..။
အလွန်မြန်ပါတယ်..။ မိနစ်၂၀ လောက်ကြာတဲ့အခါ သူတို့ ဂျွန်ဒဲန်းဗားရဲ့ အပိုင်းအစတွေကို ဆယ်ယူရရှိတဲ့ အခါမှာ သူဟာ လူယောက်ကျားတစ်ယောက်လို့ ပြောရခက်တဲ့ အထိ ငါးတွေ ဇင်ယော်ငှက်တွေရဲ့ ထိုးယူစားသောက်ခြင်းကို ခံခဲ့ရတယ် ဆိုတာ စိတ်မကောင်းစွာ တွေ့ရှိခဲ့ရပါတယ်..။
ကျန်တာ စိတ်ဝင်စားရင်တော့ဒီနေရာမှာ ဆက်ဖတ်နိုင်ပါတယ်..။
လေယာဉ် ကို သင်တန်းမရှိပဲ မောင်းပြီး လေယာဉ်... လောင်စာဆီ စီဆင်းမှုကို မထိန်းချုပ်နိုင်လို့ပေါက်ကွဲခဲ့ရတာပါလို့ပြောပါတယ်.. ။ ကိုဘခက်တို့ သတိထားပြီး ဆိုက်ကားနင်းခိုင်းမှ...။
တော်ကြာလောင်စာဆီ........... အော်...။


သူစီးခဲ့တာ ဒါမျိုးလေးပါ...Long-Eze, serial number 54, number 228vs.

ကောင်းရာသုဂတိလားပါစေ.....။



To Love Somebody - Michael Bolton

2 comments
မိုက်ကယ် ဘော်လတွန် ရဲ့ တောက်ရမ်းမိုက်တဲ့ သီချင်းလေးတစ်ပုဒ်ပါ...
ရင်ဂိုကြီးတောင် ဆိုထားသေးတယ်..
အို..ဘာတဲ့....
"မေရေ ချောင်းခြားတဲ့ အပုံလေး အတိုင်း"..... ဆိုတာ
နှစ်ယောက်တားဝေးရင်... နှစ်ယောက်တားဝေးရင်...







"To Love Somebody"

There's a light, certain kinda light,
Never shone on me.
I want my life
To be lived with you,
Lived with you..
အလင်းရောင်.. တမျိုးတဖုံသောအလင်းရောင်လေး...
ကိုယ့်ဘဝမှာ မကြုံခဲ့ဘူးဘူး...
ကိုယ့်ဘဝ တစ်ခုလုံး..
မင်းနဲ့ပဲနေချင်တယ်...ဘေဘီ..
မင်းနဲ့ အတူ .....

There's a way, everybody say
You can do every little fine,
But what good does it bring
If I ain't got you
If I ain't got you babe.
လူတွေကပြောကြတယ်.. တနည်းတော့ရှိတယ်..
ဘာမဆို မင်းလုပ်လုပ် ကောင်းကောင်းမွန်မွန်ပေါ့..
ဒါပေမယ့် ကောင်းအောင်နေရင်ရော..
ဘာတတ်နိုင်မှာ မို့လဲ...
မင်းကိုရမှာ မို့လား...
မင်းနဲ့နေရမှာ မို့လို့လား...ဘေဘီ..

You don't know what it's like,
You don't know what it's like
To love somebody.
To love somebody.
The way I love you babe,
ဘာနဲ့တူသလဲ မင်းသိရဲ့လား..
ဘာနဲ့တူသလဲ မင်းသိလား...
တယောက်ယောက်ကိုချစ်ဘို့ဆိုတာ...
တယောက်ယောက်ကိုချစ်ဘို့ဆိုတာ...
ကိုယ်မင်းကို ချစ်သလိုမျိုးလေ..



In my mind, I see your face again,
I know my frame of mind,
You ain't got to be so blind,
And I blind,
So, very blind.
ကိုယ့်စိတ်ထဲမှာ.. မင်းမျက်နှာလေး နောက်ထပ်မြင်ယောင်နေတယ်...
ကိုယ့်စိတ်ထားရဲ့အခြေအနေကိုသိနေတယ်...
မင်းသိပ်ပြီးနားမလည်မှာတော့ မဟုတ်ပါဘူး..
ကိုယ် ဘာမှ မမြင်တော့ဘူး...
ကိုယ်အရမ်း ကန်းနေပြီ...

I'm a man,
Can you see what I'm.
I live and breathe for you,
But what good does it do,
I ain't got you,
I ain't got you, baby
ကိုယ်ဟာယောက်ကျားတယောက်ပါ..
အရှိအတိုင်းနားလည်ပေးပါ...
ကိုယ် အသက်ရှင်နေတာ မင်းအတွက်ပါ...
ဒါပေမယ့် စိတ်ကောင်းထားတော့ဘာရမှာလဲ...
မင်းကိုကိုယ်ရမှာလား...
မင်းကိုကိုယ်ရမှာလား...


You don't know what it's like,
Honey, you don't know what it's like
Oh to love somebody.
To love somebody.
To love somebody.

To love somebody.

The way I love you
ဘာနဲ့တူသလဲ မင်းသိရဲ့လား..
ဘာနဲ့တူသလဲ မင်းသိလား...
တယောက်ယောက်ကိုချစ်ဘို့ဆိုတာ...
တယောက်ယောက်ကိုချစ်ဘို့ဆိုတာ...လေ...
ကိုယ်မင်းကို ချစ်သလိုမျိုးလေ..





Eric Clapton - Wonderful tonight

Saturday, May 2, 2009 0 comments
အိမ်က မိန်းမစိတ်ကောက်လာရင် ဂစ်တာ လေးဆွဲ ပြီး ဒါလေးဆိုပြလိုက် ဟီးဟီး...
အိုကေ တွားလိမ့်မယ်...

wonderful tonight - eric clapton


It's late in the evening
She's wondering what clothes to wear
She'll put on her makeup
And brushes her long blond hair
And then she'll ask me
Do I look alright?
And I'll say yes, you look wonderful tonight
ညနေစောင်းလေးတခုမှာပေါ့...
သူဘာဝတ်ရမှန်းမသိဘူးဖြစ်နေရှာတယ်...
မိတ်ကပ်တွေလဲ လိမ်းပြီးသွားပြီ....
ဆံပင်ရှည်တွေကို ဖြီးသင်နေရင်း...
ကိုယ့်ကိုမေးလာလိမ့်မယ်...
ကြည့်ရတာအဆင်ပြေရဲ့လားဟင်.. လို့..
ဒါပေါ့... အရမ်းလှတာပဲလို့ ကိုယ်ဖြေလိုက်မှာပါ....

We'll go to a party
And everyone turns to see
This beautiful lady
That's walking around with me
And then she'll ask me
Do you feel alright
And I'll say yes, I feel wonderful tonight
ဒီည ပါတီတခုသွားရမယ်...
လူတကာတော့ ကြည့်တော့မှာပဲ...
ကိုယ်နဲ့တွဲလျှောက်လာတဲ့
ဒီအမျိုးသမီးလေးချောချောလေးကိုပေါ့...
ပြီးရင်သူမေးတော့မယ်...
ကို..အဆင်ပြေရဲ့လားလို့...
ဒါပေါ့... ကိုအရမ်းပျော်နေတယ်လို့ဖြေလိုက်မှာပေါ့...


I feel wonderful because I see
The love in your eyes
And the wonder, of it all
Is that you just don't realize
How much I love you
တကယ်ပျော်နေတာပါ....
ဘာလို့ဆို.. မင်းမျက်လုံးထဲမှာ အချစ်တွေရှိတယ်လေ...
ပြီးတော့ မင်းအထူးအဆန်းဖြစ်နေသလိုပဲ...
ကိုယ်ဘယ်လောက်ချစ်တယ်ဆိုတာ...
မင်းနားမလည်သေးဘူးမဟုတ်လား....

It's time to go home now
And I got an aching head
So I'll give her the car keys
And she'll help me to bed
And then I'll tell her
As I turn out the light
I say my darling
You were wonderful tonight
Oh my darling, you were wonderful tonight
ပြန်ဘို့အချိန်ကျလာတော့....
ကိုယ်နဲနဲ မူးနေတယ်...
သူ့ကို ကားသော့ပေးလိုက်တယ်...
သူကိုယ့်ကိုအိပ်ယာထဲထိ တွဲပို့မှာပါ...
မီးတွေမှိတ်လိုက်ရင်းနဲ့
သူ့ကို ပြောလိုက်ချင်တာက...
ဒီည အရမ်းချောတယ် အချစ်ရေ...
အရမ်းလှတာပဲကွာလို့.....

(ကဲ.. မပြောဘူးလား.... )