
Tequila Sunrise Cocktail စပ်နည်း....
တာကီလာဆိုတာ မက်ကစီကိုနိုင်ငံက တာကီလာမြို့ကထုတ်လုပ်တဲ့ အရက်ပါ..။
# 4.5 cl (3 parts) Tequila
# 9.0 cl (6 parts) Orange juice
# 1.5 cl (1 part) Grenadine syrup
တာကီလာ ၃ချိုးနဲ့ လိမ္မော်ရည် ၆ချိုးကို ဒီလိုဖန်ခွက်ထဲထည့်ပါ..။

ဖန်ခွက်ထဲမှာ ရေခဲ နဲနဲ အရင်ထည့်ထားပါ..။ (အရက်စပ်ရောင်း မလို့ စဉ်းစားနေတာ..) Grenadine syrup ချယ်ရီသကြားရည် တစ်ချိုးထည့်ပါ...။သကြားရည်က ဖန်ခွက်အောက်ထိ နစ်ဆင်းသွားလိမ့်မယ်..။ မမွှေပါနဲ့...။ ချယ်ရီသီးနဲနဲ ထည့်လိုက်ပါ.. လိမ္မော်သီးကို အကွင်းလိုက်လှီးပြီး ဖန်ခွက်နှုတ်ခမ်းမှာ တပ်ပေးလိုက်ပါ...။
ခီးခီး... ဘာဘလော့အမျိုးစားလဲ မတိတော့ဘူး.. ကိုယ့်ဟာကိုယ်လဲ.....။
It's another tequila sunrise
Starin' slowly 'cross the sky, said goodbye
He was just a hired hand
Workin' on the dreams he planned to try
The days go by
ဒီဟာ တာကီလာ ဆန်းရိုက်စ် နောက်တခွက်ပဲ...
ဖြေးဖြေးလေးမွှေရင်းနဲ့ အရမ်းမိုက်လာတာ မိုးပျံနေပြီ တာ့တာပဲ..
သူကတော့ သူရင်းငှားလေး တယောက်ပါပဲ....
သူ့အိမ်မက်လေးတွေ အကောင်ထည်ဖေါ်ဖို့...
နေ့ရှိသ၍ကြိုးစားနေသူတယောက်ပါ....
Ev'ry night when the sun goes down
Just another lonely boy in town
And she's out runnin' 'round
နေ့စဉ်နေညိုပြီဆိုရင်......
သူမ အနားမှ တဝဲလည်လည်လုပ်နေတတ်တဲ့...
ယောင်ချာချာ ကောင်လေးတယောက်ပေါ့...
She wasn't just another woman
And I couldn't keep from comin' on
It's been so long
Oh, and it's a hollow feelin' when
It comes down to dealin' friends
It never ends
သူမကတော့ တခြားမိန်းကလေးတွေနဲ့ မတူခြားနားသူလေးပေါ့..
ကိုယ်နဲ့နီးစပ်ဘို့ ကြိုးစားနေတာကြာပြီ...
နေ့စဉ်နဲ့ အမျှပါပဲ....
နောက်ဆုံးတော့ မပြီးနိုင်မဆုံးနိုင် ငြင်းလိုက်ခုန်လိုက်နဲ့
သူငယ်ချင်းဘဝနဲ့ပဲ အဆုံးသတ်လိုက်ရတာကို
ကိုယ့်ရင်မှာ ဟာတာတာ နဲ့ပဲပြီးခဲ့ရတယ်...
Take another shot of courage
Wonder why the right words never come
You just get numb
It's another tequila sunrise,
This old world still looks the same,
Another frame, mm...
တကယ့်ထိရောက်မယ့်စကားတွေ ဘာကြောင့်ထွက်မလာနိုင်တာလဲဆိုတာ..
အင်အားမရှိသလိုပဲ...
သူမကတော့ မသိချင်ယောင်ဆောင်နေပြန်တယ်....
ဒီဟာ တာကီလာဆန်းရိုက် နောက်တခွက်ပဲ...
ဒီကမ္ဘာကြီးဟာ အရင်အတိုင်း ဟောင်းနွမ်းလျက်ပါပဲ.....
နောက်ထပ်ဇာတ်ကွက်တခုပါပဲ.....
0 comments:
Post a Comment